“အင်းသားအမျိုးသားနေ့” ဂုဏ်ပြုသန္နိဋ္ဌာအဖြစ် စစ်အာဏာရှင်စနစ် နှင့် လက်ပါးစေများကို အမြစ်ပြတ် ချေမှုန်း သွားမည်ဟု IFDM ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“အင်းသားအမျိုးသားနေ့” ဂုဏ်ပြုသန္နိဋ္ဌာအဖြစ် စစ်အာဏာရှင်စနစ် နှင့် လက်ပါးစေများကို အမြစ်ပြတ် ချေမှုန်း သွားမည်ဟု IFDM ထုတ်ပြန်

.

ယနေ့ အောက်တိုဘာလ ၂၄ ရက်တွင် ကျရောက်သော သတ္တမအကြိမ်မြောက် “အင်းသားအမျိုးသားနေ့” ဂုဏ်ပြု သန္နိဋ္ဌာန်အဖြစ် စစ်အာဏာရှင်နှင့် လက်ပါးစေများကို အမြစ်ပြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း အင်းလေးဖက်ဒရယ် ဒီမိုကရေစီလှုပ်ရှားမှုကွန်ရက် (IFDM) က ထုတ်ပြန်ထားသည်ဟု သိရသည်။

.

.

အင်းသားအမျိုးသားနေ့ကို စတင်ကျင်းပနိုင်ခဲ့သည်မှာ ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင် သတ္တမအကြိမ် ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အတွက် အင်းသားများ၏ မျိုးချစ်စိတ်ပြည်ထောင်စုချစ်စိတ်ဓါတ်နှင့် ဇာတိသွေး ဇာတိမာန်ကို အထူး ဂုဏ်ပြုလိုကြောင်း၊ ယနေ့ ကာလသည် အင်းလေးဒေသနှင့် အင်းသားလူမျိုးများ၏ အမှောင်မိုက်ဆုံးကာလဟု ဆိုချင်ကြောင်း IFDM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အင်းသူအင်းသားများ၏ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး စိတ်ဓါတ်ကို ချိုးနှိမ်ရန်၊ လူမျိုးရေးပဋိပက္ခဖန်တီးရန် အတွက် PNO ပြည်သူ့စစ်များက ညောင်ရွှေမြို့နယ် စစ်ရေးအရ လှုပ်ရှားလာမှုများ၊ အင်းပေါခုံနှင့် နမ့်ပန်တို့တွင် ပျူစောထီးတပ်များ လာရောက်အခြေချပြီး ပြည်သူလူထုကို အကြောက်တရား လွှမ်းမိုးအောင် လုပ်ဆောင်မှုများ၊ စစ်တပ်နှင့် ရဲများက လူထုကို အကြောင်းမဲ့ ဖမ်းဆီးငွေညစ်မှုများကို တွေ့မြင်နေရသည်ဟု IFDM က ဆိုသည်။

.

ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် အင်းလေးဒေသတွင်းရှိ ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓါတ်ကို ပိုမို ခိုင်မာစေကြောင်း အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှုကွန်ရက် (IFDM) က ထုတ်ပြန်ထားသည်။

.

သတ္တမအကြိမ်မြောက် အင်းသားအမျိူးသားနေ့ အထိမ်းအမှတ်အဖြစ် ဖယ်ခုံအင်းအရှေ့ဘက်ရှိ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်က ရေပေါ်ဆွမ်းလောင်းခြင်း၊ လှေလှော်ပြိုင်ပွဲပြုလုပ်ခြင်း တို့ကို အကျဉ်းရုံး ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

[ Photo – The People’s Voice ]

.

Journal Download

Photo of three cats