.
အပြည်ပြည်ဆိုင်ရာတရားရုံး
(ICJ) အနေဖြင့် စစ်ကောင်စီ၏
ကန့်ကွက်ချက်များကို ကြားနာရန်ပင် မလိုအပ်ကြောင်း ကုလသမဂ္ဂ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက
ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေး တွင် တင်ပြပြောဆိုခဲ့သည်ဟု သိရသည်။
.
.
ICJ ၏ ဆုံးဖြတ်ချက်သည်
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ရိုဟင်ဂျာများကို ဦးတည်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများ
အပေါ် ခိုင်မာသည့် ကြားနာစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် လမ်းရှင်းပေးလိုက်ခြင်းဖြစ်ပြီး
စစ်ကောင်စီ၏ ကန့်ကွက်ချက်များကို ကြားနာရန်ပင် မလိုအပ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက
နယူးယောက်တွင် ကျင်းပ နေသည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေးတွင်
တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါအမှုနှင့် ပတ်သက်၍
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကနဦးကန့်ကွက်ချက်များ အားလုံးကို ရုတ်သိမ်းကြောင်းနှင့် တရားရုံး
စီရင်ဆုံးဖြတ်ချက်များကို လက်ခံမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်တွင် ICJ သို့ တရားဝင် အကြောင်းကြားခဲ့ပြီး ICJ နှင့် အပြည့်အဝ
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ထပ်လောင်း ပြောဆိုခဲ့သည်။
.
ထို့အပြင် သံအမတ်ကြီးက
စစ်ကောင်စီတပ်၏ လူထုအပေါ် ကျူးလွန်မှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ်၊ ဖားကန့် အနန့်ပါဒေသ
လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းတို့အား
လေကြောင်းတိုက်ခိုက်မှုများကို ကိုးကား၍ တင်ပြခဲ့သည်ဟု သိရသည်။
.
အပြည်ပြည်ဆိုင်ရာတရားရုံး
(ICJ) တွင် ဂမ်ဘီယာနိုင်ငံက
မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် စွဲဆို ထားသည့်အမှုနှင့်
ပတ်သက်၍ တရားရုံးက လက်ခံသင့်၊ မသင့်ကို မြန်မာဘက်က ကနဦး ကန့်ကွက်ချက်တင်ထားခြင်း ကို
တရားရုံးက ပယ်ချကြောင်း ဇူလိုင်လ ၂၂ ရက်တွင် ဆုံးဖြတ်ထားသည်။
.