ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃၀/၀) နှင့် (၂၃၀/၁)ကြား၌ ယနေ့ အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၃ နာရီခွဲခန့်တွင် Express ယာဉ် ၂ စီး တိုက်မိ၍ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်များပေါ်တွင် စုစုပေါင်း ၂၁ ဦး လိုက်ပါ စီးနင်းလာရာ ၎င်းတို့အနက် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
.
ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့က သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ပြီး သေဆုံး/ဒဏ်ရာရသူများကို တံတားဦး လူမှုကူညီရေးအသင်းက နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက် ညပိုင်းကလည်း ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈၈/၁)နှင့် (၁၈၈/၂) ကြားတွင် ကုန်စိမ်းတင်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။