လားရှိုးတွင် COVID-19 လူနာတစ်ဦး ထပ်မံသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် COVID-19 လူနာတစ်ဦး ထပ်မံသေဆုံး

.

လားရှိုးမြို့တွင် ယနေ့ အောက်တိုဘာလ ၄ ရက်က COVID-19 လူနာတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

.


.

လားရှိုးတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အသက် ၅၂ နှစ် အရွယ် COVID-19 ရောဂါ အတည်ပြုလူနာ အမျိုးသား တစ်ဦးသည်လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်က အသက် ၅၈ နှစ်အရွယ် COVID-19 ရောဂါ အတည်ပြုလူနာ အမျိုးသားတစ်ဦး သည်လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်က အသက် ၂၅ နှစ်အရွယ် COVID-19 ရောဂါ အတည်ပြုလူနာ အမျိုးသားတစ်ဦးသည်လည်းကောင်း သေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခု သေဆုံးလူနာမှာ စတုတ္ထမြောက် ဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ အမျိုးသား ရုပ်အလောင်းအား ကမ္ဘောဇနာရေးကူညီမှုနှင့် ဆန်လှူအသင်းမှ COVID-19 စည်းကမ်းချက် များနှင့်အညီ လားရှိုးမြို့၊ ကြာကန်သုဿာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

.

အလားတူ ယမန်နေ့ အောက်တိုဘာလ ၃ ရက်က နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 ရောဂါ အတည်ပြုလူနာ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

အောက်တိုဘာ ၁ ရက်  ည ၈ နာရီမှ အောက်တိုဘာလ ၂ ရက် ည ၈ နာရီအတွင်း တွေ့ရှိသည့် COVID-19 ရောဂါ ဓါတ်ခွဲလူနာ ၂၇၅ ဦးအနက် ရှမ်းပြည်နယ်မှ ဓါတ်ခွဲလူနာအသစ် ၁၁ ဦး ပါဝင်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့ အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

.

ရှမ်းပြည်နယ်အတွင်းရှိ အခြားသော မြို့နယ်အချို့တွင်လည်း COVID-19 ရောဂါ တွေ့ရှိမှုများ ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် ဂရုပြုနေထိုင်သွားလာကြရန် လိုအပ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

.

[ ဓါတ်ပုံ - ကမ္ဘောဇနာရေးကူညီမှုနှင့်ဆန်လှူအသင်း၊ လားရှိုး ]

.

Journal Download

Photo of three cats