CDM ကျောင်းသား/သူများအား မြန်မာ့နွေဦးတက္ကသိုလ် သင်ကြားရေးအစီအစဉ်တွင် တက်ရောက်နိုင်ကြောင်း တောင်ကြီးတက္ကသိုလ် ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

CDM ကျောင်းသား/သူများအား မြန်မာ့နွေဦးတက္ကသိုလ် သင်ကြားရေးအစီအစဉ်တွင် တက်ရောက်နိုင်ကြောင်း တောင်ကြီးတက္ကသိုလ် ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ ကြေညာ

.

တောင်ကြီးတက္ကသိုလ်မှ CDM ကျောင်းသား၊ကျောင်းသူများအနေဖြင့် မြန်မာ့နွေဦးတက္ကသိုလ် (MNOU)မှ သင်ကြားမည့် Formal Courses သင်ကြားရေးအစီအစဉ်တွင် ပါဝင် တက်ရောက်လိုပါက တက်ရောက်နိုင်ကြောင်း တောင်ကြီးတက္ကသိုလ် ကြားကာလတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

.

.

အဆိုပါ မြန်မာ့နွေဦးတက္ကသိုလ်မှ ပညာသင်ကြားရေး ပြီးမြောက်အောင်မြင်သည့် ကျောင်းသားကျောင်းသူများအား ကြားကာလ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီအနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ထားမည်ဖြစ်ပြီး တက္ကသိုလ် ပညာသင်ယူပြီးမြောက်ကြောင်း ထောက်ခံချက်အား တောင်းယူနိုင်ကြောင်း သိရသည်။

.

မြန်မာ့နွေဦးတက္ကသိုလ်မှ အကြမ်းဖက်အဖွဲ့အစည်း၏ သင်ကြားရေးအစီအစဉ်များတွင် ပါဝင်ခြင်း မရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် Formal Courses (ပုံမှန်သင်တန်းများ)၊ Core Curricuium Courses. ဘာသာရပ်မိတ်ဆက်သင်တန်းများ)နှင့် Short Courses (ကာလတိုသင်တန်းများ) စသည့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

ယခုအခါ Formal Courses (ပုံမှန်သင်တန်းများ) ၏ ဘာသာရပ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း သက်ဆိုင်ရာ အထူးပြုဘာသာရပ် အသီးသီးတွင် နောက်ဆုံးနှစ် ဒုတိယပညာသင်ကာလ တက်ရောက်ရန် ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် သင်တန်းများကို စတင်သင်ကြား ပေးသွားမည်ဖြစ်ပြီး ဒုတိယပညာသင်ကာလအား တက်ရောက်နိုင်ရန် စာရင်းသွင်း အပ်နှံခြင်းအား စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats