ဇလွန်မြို့တွင် CDM ကျောင်းဆရာတစ်ဦး အသတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဇလွန်မြို့တွင် CDM ကျောင်းဆရာတစ်ဦး အသတ်ခံရ

.

ဧရာဝတီတိုင်း၊ ဇလွန်မြို့တွင် CDM အထက်တန်းပြကျောင်းဆရာတစ်ဦး အောက်တိုဘာလ ၁၇ ရက်နေ့ ည ပိုင်းက ၎င်း၏နေအိမ်၌ အသတ်ခံခဲ့ရကြောင်း သိရသည်။

.

.

သေဆုံးသူ အထက်တန်းပြဆရာ ဦးစောရဲသီဟသည် ဇလွန်မြို့၊ မေရီလမ်းကျေးရွာအုပ်စု ကျုံရှကျေးရွာရှိနေအိမ်၌ ကတ်ကြေး ဖြင့် ၂၆ ချက်ခန့် ထိုးသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

.

သေဆုံးသူသည် CDM ကြောင့် အသတ်ခံရခြင်း မဟုတ်နိုင်ဘဲ အနုကြမ်းစီး လုယက်ခံရခြင်း ဖြစ်နိုင်ကြောင်းနှင့် ၎င်း၏ ငွေကြေးများ၊ ဖုန်းနှင့် ဆိုင်ကယ်များ လု ယူခံခဲ့ရကြောင်း ဒေသခံများကပြောသည်။

.

အထက်တန်းပြဆရာ ဦးစောရဲသီဟသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ တစ်ဦးဖြစ်ပြီး ၎င်း၏နေအိမ်မှာပင် ဆက်လက်နေထိုင်ခဲ့သည်ဟု သိရသည်။

.

 

Journal Download

Photo of three cats