ပေါက်မြို့နယ်တွင် CDM ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီက ခေါင်းဖြတ် သတ်ဖြတ်ပြီး ကျောင်းတံခါးတွင် ခေါင်းကို ချိတ်ဆွဲပြသထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပေါက်မြို့နယ်တွင် CDM ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီက ခေါင်းဖြတ် သတ်ဖြတ်ပြီး ကျောင်းတံခါးတွင် ခေါင်းကို ချိတ်ဆွဲပြသထား

.

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာတွင် အောက်တိုဘာလ ၁၆ ရက်က CDM ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ခေါင်းဖြတ် သတ်ဖြတ်ပြီး ကျောင်းတံခါးတွင် ခေါင်းကို ချိတ်ဆွဲပြသထားခဲ့သည်ဟု သိရသည်။

.


.

ဖမ်းဆီးသတ်ဖြတ်ခံရသူသည် ပေါက်မြို့နယ်၊ သစ်ညီနောင်ရွာသား ဦးစောမိုးထွန်း ဆိုသူဖြစ်ပြီး ခေါင်းနှင့် ခြေထောက် များကို ပိုင်းဖြတ်ကာ တောင်မြင့်ကျေးရွာ အလယ်တန်းကျောင်း တံခါးတွင် ခေါင်းပြတ်ကို ချိတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဦးစောမိုးထွန်းသည် ကိုယ်ပိုင်ဘော်ဒါ အထက်တန်းကျောင်းများတွင် စာသင်ကြားပေးနေသည့် ကျောင်းဆရာတစ်ဦး ဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက် CDM အဖြစ် NUG မှ ဖွင့်လှစ်သည့် ကျောင်းများတွင် စာသင်ကြားပေး နေသူ ဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် ဦးစောမိုးထွန်းကို သတ်ဖြတ်ပြီးနောက် သေနတ်များ ပစ်ဖောက်ပြီး ဒေသခံ ကျေးရွာသားများ၏ ဖုန်း၊ ရွှေ၊ ငွေများကို သိမ်းယူခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က လိုက်လံ မီးရှို့နေသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

.

#KBZTai #18October2022

.

Journal Download

Photo of three cats