ပင်းတယမြို့နယ်တွင် CDM ဆရာမ အပါအဝင် ၄ ဦး အဖမ်းခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယမြို့နယ်တွင် CDM ဆရာမ အပါအဝင် ၄ ဦး အဖမ်းခံရ



ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ပြီးခဲ့သည့် CDM ကျောင်းဆရာမ အပါအဝင် ၄ ဦးကို အောက်တိုဘာလ ၈ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

ရွာငံမြို့နယ်မှ ပင်းတယမြို့နယ်၊ အင်းငယ်​ကျေးရွာသို့ လာရောက် တိမ်းရှောင်နေထိုင်သည့် CDM ကျောင်းဆရာမ နှင့် ၎င်း၏ ခင်ပွန်း ဖြစ်သူ၊ အတူနေ လူငယ် ၂ ဦးတို့ကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

" အဖိတ်နေ့ (အောက်တိုဘာ ၈ ရက်) ညပိုင်းကြီး ဝင် ဖမ်းသွားဝာာ၊ လင်မယား နှစ်ယောက်လုံး ဖမ်းခံထိတယ်။ လူငယ် နှစ်ယောက်လည်း ပါသွားတယ်လို့ သိရတယ်။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှ တိမ်းရှောင်နေရသူများ အနေဖြင့် ပုံမှန်အတိုင်း ပြန် နေထိုင်နိုင်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ၎င်း၏ လက်ဝေခံ အုပ်ချုပ်ရေးမှူးများမှတဆင့် ဝါဒဖြန့် ကြေညာထားသော်လည်း မြေပြင်တွင် ဖမ်းဆီးမှုများ ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats