.
မုံရွာရဲတပ်ရင်းမှ
ရဲတပ်သား ၂ ဦးသည် ယင်းမာပင်အခြေစိုက် People’s
Defence Army-Yinmarbin အဖွဲ့သို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် CDM
ဝင်ရောက်လာပြီး လက်ရှိတွင် PDF နှင့် ပူးပေါင်းကာ
စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
.
.
မုံရွာ ရဲတပ်ရင်း (၂၈)
မှ ရဲတပ်သား ကိုအောင်ကိုကိုနှင့် ကိုမိုးလင်းအောင်တို့ ၂ ဦးသည် လက်နက်ခဲယမ်း
အပြည့်အစုံ ဖြင့် CDM ဝင်ရောက်လာခဲ့ရာ
(PDA) အဖွဲ့အစည်းခေါင်းဆောင်ကိုယ်တိုင်
တစ်ဦးလျှင် ကျပ်သိန်း ၅၀ စီ ဆုချီးမြှင့်ပေးခဲ့ ကြောင်း သိရသည်။
.
CDM ရဲတပ်သား
၂ ဦးသည် ပြည်သူကို လက်နက်အားကိုးဖြင့် သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို လက်မခံနိုင်သဖြင့်
CDM ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် အဆိုပါ
CDM ရဲတပ်သား ၂ ဦးလုံးသည်
တော်လှန်ရေးတွင် ပါဝင်နေပြီဖြစ်ပြီး ၎င်းတို့ စတင်ရောက်ရှိလာ သည့်နေ့ကတည်းက ကြိုဆိုပွဲ
ပြုလုပ်ပေးခဲ့ကာ ယခု စိတ်ချရမှသာ ဂုဏ်ပြုပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း PDA
ပြန်ကြားရေးတာဝန်ခံက ပြောဆိုထားသည်။
.
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်
CDM လှုပ်ရှားမှုများ
ပြုလုပ်လာခဲ့ကြရာ ယခုနှစ် နှစ်လယ်ပိုင်းအထိ CDM ရဲဝန်ထမ်း ၃၀၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။
.
#KBZTai #15October2022
.