နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး CDM ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး CDM ပြုလုပ်

.

နေပြည်တော်ရှိ ၂၀၃၀ လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦး ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်တွင် CDM ပြုလုပ်ပြီး ကရင်နီဒိမိုကရက်တစ်တပ်ဦး (KDF) ထံ အလင်းလာကြောင်း သိရသည်။

.

.

အဆိုပါ CDM တပ်ကြပ်ကြီးသည် လေကြောင်းပစ် လက်နက်များကို တာဝန်ယူခဲ့သူဖြစ်ပြီး သင်တန်း ၃ နှစ် အပါအဝင် လေကြောင်းရန် ကာကွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်နေသည်မှာ ၅ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

.

လက်ရှိတွင် ၎င်း၏ လုံခြုံရေးအရ အမည်ကို ဖော်ပြခွင့် မပြုဘဲ ၂ လ စောင့်ကြည့်ပြီး ၎င်း၏ ရွေးချယ်မှုအတိုင်း ဆက်လက် ဆောင်ရွက်ပေးသွားရန် ရှိကြောင်း KDF မှ ကိုလင်းလင်းက ပြောဆိုထားသည်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)ထံ CDM ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သား ၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

.

[ Photo - ကရင်နီဒီမိုကရက်တစ်တပ်ဦး-KDF ]

.

Journal Download

Photo of three cats