CDM သူနာပြုဆရာမတစ်ဦး ထိုင်းနယ်စပ်တွင် ချောင်းအတွင်း ခုန်ချ အဆုံးစီရင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

CDM သူနာပြုဆရာမတစ်ဦး ထိုင်းနယ်စပ်တွင် ချောင်းအတွင်း ခုန်ချ အဆုံးစီရင်

.

ကရင်ပြည်နယ်မှ CDM ဆရာမတစ်ဦးသည် ယမန်နေ့ အောက်တိုဘာလ ၇ ရက်က ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်စဉ် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးသည့်အတွက် ချောင်းအတွင်း ခုန်ချကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

အနော် ခေါ် သူနာပြုဆရာမ မသိင်္ဂီသည် CDM ကို ကြံ့ကြံ့ခံပြီး ၎င်း၏ အမျိုးသားနှင့်အတူ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် ယခုကဲ့သို့ ချောင်းအတွင်းသို့ ခုန်ချသွားခြင်းဖြစ်ကြောင်း သိရသည်။

.

ဆရာမသိင်္ဂီနှင့် ၎င်း၏ အမျိုးသားသည် ထိုင်းရဲတပ်ဖွဲ့က လိုက်ဖမ်း၍ နှစ်ဦးစလုံးထွက်ပြေးစဉ် ဆရာမသိင်္ဂီက ချောင်းအတွင်းခုန်ချသွားခဲ့ခြင်းဟု သိရသည်။

.

ဆရာမ မသိင်္ဂီသည် ကွယ်လွန်ချိန်တွင် အသက် ၂၅ နှစ်ခန့်သာ ရှိသေးပြီး ဇာတိမြေတွင် ၎င်း၏ ကလေးငယ် တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

.

#KBZTai #8October2022

.

Journal Download

Photo of three cats