.
၂၀၂၂ ခုနှစ်အတွင်း CRPH ၏ ပြည်သူ့ရေးရာကော်မတီမှ CDM ဝန်ထမ်း ၂၄၀၀
ကျော်အတွက် ငွေကျပ် သိန်း၁၅၀၀ ကျော် ကူညီပံ့ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(CRPH) က အောက်တိုဘာလ ၂ ရက် တွင် ထုတ်ပြန်ထားသည်။
.
.
ပြည်သူ့ရေးရာကော်မတီအနေဖြင့် အရေးပေါ်ကူညီပံ့ပိုးမှုတွင် ကျန်းမာရေးနှင့်
မီးဖွားစရိတ်အတွက် ၁ သိန်းကျပ်၊ စားဝတ်နေရေး အခက်အခဲ အတွက် ၅
သောင်းကျပ်နှုန်းဖြင့် ခေါင်းစဉ််၃ ခုကို အဓိကပံ့ပိုးပေးလျက်ရှိပြီး၊ ကွယ်လွန်၊ အဖမ်းဆီးခံနှင့် နေအိမ်ရွှေ့ပြောင်းခြင်း အပါအဝင် အခြားအရေးပေါ်
ကိစ္စရပ်များအတွက်လည်း ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထိုသို့ ထောက်ပံ့ကူညီရာတွင် နိုင်ငံတကာမှအလှူရှင်များ၏
လှူဒါန်းငွေများ၊ Ahlu Shin Application နှင့် Spring
Legends YouTube Channel ကြော်ငြာများမှ ရရှိသည့် ဝင်ငွေများဖြင့် အမှန်တကယ် လိုအပ်နေသော CDM များ၏ အရေးပေါ်ကိစ္စရပ်များကို ကူညီပံ့ပိုးခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
.
ထို့အပြင် ပြည်သူ့ရေးရာကော်မတီအနေဖြင့် CDM ဝန်ထမ်းများ၏
ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသား ညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်း ချိတ်ဆက်ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်
ရှိကြောင်း သိရသည်။
.