တောင်ကြီးတွင် နေအိမ် တစ်လုံး ဖောက်ထွင်းခိုးယူခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် နေအိမ် တစ်လုံး ဖောက်ထွင်းခိုးယူခံရ

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၇)ရှိ နေအိမ် တစ်လုံး ယမန်နေ့ အောက်တိုဘာလ ၉ ရက် (သီတင်းကျွတ် လပြည့်နေ့) ည ၇ နာရီခန့်က ဖောက်ထွင်း ခိုးယူခံရကြောင်း သိရသည်။
.
အဆိုပါ နေအိမ် ဖောက်ထွင်း ခိုးယူခံရမှုကြောင့် ငွေသားနှင့် လက်ဝတ်ရတနာ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၅၀ ခန့် ပါသွားကြောင်း သိရသည်။
.
" အိမ်ရှင်တွေက လပြည့်နေ့ဆိုတော့ မိဘတွေကို သွားကန်တော့နေကြတာ။ အိမ်တိုင်း လိုလိုကလည်းဘုရားသွားတာ၊ ကန်တော့သွားကြတွေရှိတော့ အလစ်ကို စောင့်ပြီး ဖောက်ထွင်း ခိုးယူသွားတာပါ။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ဖောက်ထွင်း ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပေါ်နေ‌သော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲများက ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။

Journal Download

Photo of three cats