.
ကလေးပင်မ သပိတ်စစ်ကြောင်းက
၆၂၄ ရက်မြောက်အဖြစ် ယနေ့ အောက်တိုဘာလ ၂၃ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြကြောင်း
သိရသည်။
.
.အဆိုပါ ချီတက်ဆန္ဒပြမှုတွင်
ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ကလေးမြို့ ပင်မသပိတ်အင်အားစုတို့ ပူးပေါင်း၍
စစ်အာဏာရှင်အမြစ်ပြတ်ရေး ပညာရေးသပိတ်တိုက်ပွဲ
အင်အားကောင်းလာစေရန် တော်လှန်ရေး သပိတ်တရား ဟောပြောမှုများ၊ ကျောင်းသားလူထု သစ္စာအဓိဋ္ဌာန်ပြုခြင်း
အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ထိုသို့ ချီတက်ဆန္ဒပြရာတွင်
“ထကြွတော်လှန်၊ ကျောင်းသားထုအားမာန်” စာသားကို ကိုင်ဆောင်၍ ချီတက်ဆန္ဒပြခဲ့ ခြင်းဖြစ်ပြီး
ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းအနေဖြင့် ရက်ပေါင်း ၆၂၄ ရက်တိတိ ပျက်ရက်မရှိ စစ်အာဏာရှင်
စနစ်ကို သပိတ်မှောက်နေခြင်းဖြစ်ကြောင်း သိရသည်။
.