ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် လန်ဒန်တွင် ပွဲဦးထွက်ပြသ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် လန်ဒန်တွင် ပွဲဦးထွက်ပြသ

.

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်ကားကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ The Comedy Store တွင် အောက်တိုဘာလ ၂ ရက်က ပွဲဦးထွက် စတင်ပြသခဲ့ရာ ရုံပြည့်လျှံခဲ့ပြီး သတ်မှတ်ခုံအရေအတွက် ထက် ကျော်လွန်ခဲ့သဖြင့် ခုံတိုးပြသခဲ့ရကြောင်း သိရသည်။

.

.

CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားသည့် ယင်းဇာတ်လမ်းတွင် လွတ်မြောက်နယ်မြေရောက် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် ရိုက်ကူးထားပြီး CDM စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြု ရိုက်ကူးထားခြင်းဖြစ်ကြောင်း ဒါရိုက်တာ ကို‌ပေါက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

.

အဆိုပါ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ပြသပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဗြိတိန် နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များဖြစ်သော ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကိုတို့ တက်ရောက်ခဲ့ပြီး အဖွင့် အမှာစကားပြောကြားပေးခဲ့ကြောင်း သိရသည်။

.

ယင်း “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်ကားကို ဗြိတိန်၊ ဩစတေးလျ၊ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဆွစ်ဇာလန်နိုင်ငံများတွင် ပြသသွားမည်ဖြစ်ပြီး ဆက်လက်၍ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ ဂျာမဏီနိုင်ငံများတွင်လည်း ထပ်မံပြသနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats