ပေါက်မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ် မီးရှို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပေါက်မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ် မီးရှို့

.

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ တောင်မြင့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၏ ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာကို ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

.


.

တောင်မြင့် အခြေခံပညာအလယ်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာကို စစ်ကောင်စီတပ်သားများ၊ ရဲနှင့် ပျူစောထီး အင်အား ၁၂၀ ခန့်က ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မီးရှို့ရာတွင် ယူနီဖောင်းဝတ် အနည်းငယ်သာ ပါဝင်ပြီး အရပ်ဝတ်များ အများစုပါဝင်ကာ စစ်တပ်အပြင် ရဲနှင့် ပျူစောထီးများ ပါဝင်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။

.

မီးရှို့ခံရသည့် ကျောင်းသည် ကျောင်းသားများ မနေရသေးသည့် ကျောင်းဆောင်သစ်ဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီး နေထိုင်သည့် ဝန်ထမ်းအိမ်ရာကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။

.

အဆိုပါ ကျောင်းဆောင်သည် ၂၀၂၀ ပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးကာ လူထု ဗဟိုပြုအဖွဲ့အစည်းမှ ဆောက်လုပ်လှူဒါန်းထားသည့် အဆောက်အဦးဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

.

တောင်မြင့်ကျေးရွာတွင် အိမ်ခြေ ၁၇၀ ခန့် ရှိပြီး ပထမအကြိမ်ကလည်း အိမ်ခြေ ၅၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ဖူးကြောင်း သိရသည်။

.

Journal Download

Photo of three cats