တန့်ဆည်မြို့နယ်၊ တဆယ်ကျဲရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တန့်ဆည်မြို့နယ်၊ တဆယ်ကျဲရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီး

.

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တဆယ်ကျဲရွာကို ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.


.

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ၃၅ လုံး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် ယင်းနေ့တစ်ရက်တည်းတွင်ပင်  သဲစားရွာ၊ အင်တောသာရွာ၊ တဆယ်ကျဲရွာ၊ ငှက်ပျောတောရွာ၊ အင်းနားရွာများကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တန့်ဆည်မြို့နယ်တစ်ခုလုံးတွင် နေအိမ် ၇၂၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats