တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ဟောလိုးဝင်းပွဲအတွင်း လူအုပ်ပြို၍ လူ ၁၅၀ ခန့် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ဟောလိုးဝင်းပွဲအတွင်း လူအုပ်ပြို၍ လူ ၁၅၀ ခန့် သေဆုံး

.

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ အီထယ်ဝန်ရပ်ကွက်တွင် ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်၊ ညပိုင်းက ပြုလုပ်ခဲ့သည့် ဟောလိုးဝင်း (Halloween) ပွဲအတွင်း လူအုပ်ပြိုကျ၍ လူ ၁၅၀ ခန့် သေဆုံးခဲ့ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

.

.

ဆိုလ်းမြို့တွင် ယမန်နေ့ည ၁၀ နာရီ ၂၀ မိနစ်ခန့်က ဟောလိုးဝင်းပွဲ ဆင်နွှဲရန် လူအုပ်ကြီးသည် လမ်းကြားတစ်ခု အတွင်းသို့ တိုးဝင်လာချိန်တွင် ရုတ်တရက် တိုးကြိတ်ခဲ့သည့်အတွက် လူပိကာ ၁၄၉ ဦးထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ဆိုသည်။

.

အဆိုပါ ပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ပထမဆုံး ကျင်းပခဲ့သည့် ဟောလိုးဝင်းပွဲတခုလည်း ဖြစ်သည်။

.

လူအုပ်ကြီးသည် စုပုံနေပြီး ကျဉ်းမြောင်းသည့် လမ်းကြားအတွင်းသို့သို့ လျှောဆင်းနေချိန်၌ လမ်းထိပ်ရှိ လူများမှာ ပြုတ်ကျကာ အောက်ခြေရှိ လူများပေါ်သို့ ပိကျကုန် သည်ဟု မီးသတ်အရာရှိများနှင့် မျက်မြင်တွေ့သူများက ပြောဆို ကြသည်။

.

သေဆုံးသူများမှာ ဆယ်ကျော်သက်များနှင့် အသက် ၂၀ ကျော် အများဆုံးပါဝင်ပြီး နိုင်ငံခြားသား ၂ ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

.

[ Photo | stirea zilei ]

.

Journal Download

Photo of three cats