တောင်ကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသားများထံမှ ငွေကြေး ကောက်ခံမှုများ ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသားများထံမှ ငွေကြေး ကောက်ခံမှုများ ရှိနေ

.

တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ကျောင်းသား/ကျောင်းသူ များထံမှ ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုများမှာ ယခင်ကတည်းက ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက် ကျောင်းများ ပြန်ဖွင့် ချိန်တွင် ပိုမိုဆိုးရွားလာနေသည်ဟု ကျောင်းသားမိဘများက ပြောဆိုကြသည်။

.

လစဉ် ရေသန့်ကြေးကောက်တယ်၊ ယုတ်စွအဆုံး အိမ်သာကြေး ကောက်တဲ့ကျောင်းတောင် ရှိတယ်လို့ ကြားရတယ်။ ဒါ့အပြင် ဆုပေးပွဲကြေး၊ အာစရိယပူဇော်ပွဲကြေး၊ ဆရာမတွေ ပြောင်းရင် နှုတ်ဆက်ပွဲကြေး စုံလို့ပါပဲ။ ကျောင်းသားမိဘ တွေကို တစ်ခုခု အစည်းအဝေးခေါ်လိုက်ပြီ ဆိုရင် ပိုက်ဆံကောက်ဖို့ပဲ ခေါ်တယ်ဆိုတာ ကြိုသိနေပါပြီ” ဟု တောင်ကြီး မြို့နေ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ ငွေကြေးကောက်ခံမှုများမှာ ငွေကြေးတတ်နိုင်သူ မိဘများအတွက် မခက်ခဲသော်လည်း အများစုဖြစ်သော အခြေခံလူတန်းစားနှင့် လူလတ်တန်းစား မိဘများအတွက် အခက်အခဲ ဖြစ်ပေါ်ရပြီး ကောက်ခံသည့်ငွေကြေး မပေးနိုင် ပါကလည်း မိမိကလေး မျက်နှာငယ်မည်ကို စိုးရိမ်သည့်အတွက် မဖြစ်မနေ ပေးနေရကြောင်း မိဘများက ပြောဆိုကြ သည်။

.

အခုချိန်မှာ အားလုံးက ခက်ခဲနေကြတာလေ။ တစ်ခါတစ်လေကျရင် စေတနာရှိသလောက်ထည့်ပါ ဆိုတာမျိုးက လာသေးတယ်။ အဲဒါက ပိုဆိုးတယ်။ အနည်းဆုံး ၅၀၀၀/၁၀၀၀၀ မှ မထည့်ရင် ကိုယ့်သားသမီးလည်း မျက်နှာမလှ ဘူးလေ။ ဒီတော့ မဖြစ်မနေ ရှာပေးရတာပေါ့” ဟု အခြား ကျောင်းသားမိဘတစ်ဦးကလည်း ပြောသည်။

.

ထိုကဲ့သို့ ငွေကြေးကောက်ခံမှုများအပြင် ဆရာမများက ကျောင်းသား/ကျောင်းသူများကို အတင်းအကြပ် ကျူရှင်ခေါ်ယူ သင်ကြားမှုများလည်း ရှိနေပြီး ကျူရှင်မတက်သည့် ကလေးများကို ကျောင်းတွင် ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း သိရသည်။

.

Journal Download

Photo of three cats