ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ ယမန်နေ့ အောက်တိုဘာလ ၈ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ် အပါအဝင် စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ဒီးမော့ဆိုမြို့ မြို့မရဲစခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် ညနေ ၆ နာရီခွဲခန့်တွင် စစ်ရှောင်များတည်ရှိရာသို့ လက်နက်ကြီးဖြင့် ၂ ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် က ထုတ်ပြန်သည်။
.
ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်
သတင်းထုတ်ပြန်ချက် အသက် ၅ နှစ်အရွယ် ကလေးငယ်၏ ရင်ဘက်တွင် စိုးရိမ်ရ ဒဏ်ရာ၊ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး၏ ဒူးခေါင်းတွင် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။
.
စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ နေ့စဉ် လက်နက်ကြီးဖြင့် အပြစ်မဲ့ ပြည်သူများကို ဦးတည်၍ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။