.
မြို့တော်တောင်ကြီးတွင်
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲများက ဧည့်စာရင်းအကြောင်းပြပြီး
ဖမ်းဆီးမှုများ၊ ငွေညစ်တောင်းခံမှု များပြားလာနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
.ထိုသို့ ဧည့်စာရင်း
စစ်ဆေးရာတွင် ဒေသတွင်းသာမက တောင်ကြီးမြို့ပေါ်အတွင်း ရပ်ကွက် ပြောင်းရွှေ့နေထိုင်သူများ
ကိုပါ ဧည့်စာရင်း တိုင်ခိုင်းနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
“၁၃/တကန(နိုင်) ပဲ
ကိုင်ထားတယ်။ တောင်ကြီးမြို့ပေါ်မှာကို ဟိုဘက်ရပ်ကွက်ကနေ ဒီဘက်ရပ်ကွက်ကို ပြောင်းနေ
ထိုင်တယ်။ ဒါကိုလည်း မရဘူး ဧည့်စာရင်း တိုင်ခိုင်းတာပါပဲ။ အများစုက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့
ဆင်းရဲသား ပြည်သူတွေဆိုတော့ အခက်အခဲဖြစ်တာပေါ့” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင်
ဧည့်စာရင်းစစ် ငွေညစ်တောင်းခံမှုများအနက် ရွှေတောင်ရပ်ကွက်မှာ အဆိုးဆုံးဖြစ်ပြီး ဒဏ်ကြေးငွေ
အဖြစ် ၅၀၀၀၀ ကျပ်အထိ တောင်းခံကာ စဝ်စံထွန်းရပ်ကွက်က ၄၀၀၀၀ ကျပ်၊ ညောင်ဖြူစခန်း ရပ်ကွက်က
၃၀၀၀၀ ကျပ်အထိ ဒဏ်ကြေး ကောက်ခံမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
.
“တောင်ကြီးမြို့ပေါ်မှာက
ပြည်တော်သာနဲ့ ချမ်းမြသာစည်ပဲ စစ်ကောင်စီက သတ်မှတ်တဲ့ နှုန်းထားအတိုင်း ၅၀၀၀ ကောက်တယ်။
ကျန်တဲ့ရပ်ကွက်တွေ အကုန်လုံး လိုလိုက ခြိမ်းခြောက်ပြီး ငွေပိုတောင်းပါတယ်။ လမ်းပေါ်မှာ
ယာဉ်ထိန်းတွေက ငွေညစ်၊ အိမ်မှာနေရင်း အုပ်ကြီးတွေ၊ ရဲတွေက ငွေညစ်နဲ့ ဆိုတော့ ပြည်သူဘဝက
ကြာလာရင် လုံးပါးပါးပြီး ဘာမှကျန်တော့မှာမဟုတ်ပါဘူး” ဟု အခြား မြို့ခံတစ်ဦး ကလည်း ပြောသည်။
.
အရပ်သားအစိုးရလက်ထက်က
ပယ်ဖျက်ခဲ့သည့် ဧည့်စာရင်းဥပဒေကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည် အသက်သွင်းပြီးနောက်
စစ်ကောင်စီလက်ပါးစေများက ယင်းဥပဒေဖြင့် ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေခြင်း
ဖြစ်သည်။
.
ထို့အပြင် ဧည့်စာရင်းစစ်ခြင်းကို
အကြောင်းပြ၍ စစ်ကောင်စီရဲများက ပြည်သူများ၏ လက်ကိုင်ဖုန်းများကို ယူစစ်ပြီး တော်လှန်ရေးနှင့်
ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။
.