.
မိုးဗြဲမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်၏ အကြောင်းမဲ့
ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.မိုးဗြဲမြို့၊ စက်တော်ရာတောင်ထိပ်တွင်
တပ်စွဲထားသော စစ်ကောင်စီတပ်သည် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ဆိုင်ကယ်မောင်းနှင်လာသည့်
အမျိုးသား ၂ ဦးကို ပစ်ခတ်ခဲ့ရာ တစ်ဦးမှာ ဦးခေါင်းထိမှတ်ပြီး စိုးရိမ်ရဒဏ်ရာ ရရှိကာ
ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိမှန်ဒဏ်ရာ ရရှိသူကို
ပူးပေါင်းတပ်ဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်မှု အနည်းငယ်
ရှိခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။
.
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း
မရှိဘဲ လမ်းသွားလမ်းလာ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်နေခြင်းဖြစ်ပြီး လက်ရှိတွင်
တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ရေးအခြေအနေ တင်းမာနေသည့် အတွက် ပြည်သူများ
အနေဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် သွားလာခြင်းမပြုကြရန် မိုးဗြဲ PDF က အသိပေးထားသည်။
.