တနင်္သာရီတိုင်း၊ ထားဝယ်ဘက်မှ မြိတ်ဘက်သို့ ထွက်ခွာလာသည့် ယာဉ် ၁၃ စီးပါ စစ်ကောင်စီယာဥ်တန်း အောက်တိုဘာ ၂၈ ရက်၊ ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
.
မင်းထိန်ရွာနှင့် ပဝတ်ကုန်းရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တောကြီး မြွေဟောက်အဖွဲ့က ထုတ်ပြန်ထားသည်။
.
အဆိုပါ တိုက်ခိုက်ခံရသည့် ယာဥ်တန်းသည် ယင်းနေ့ ည ၁၀ နာရီခွဲခန့်တွင်လည်း စက်တော်ရာရွာအနီး၌ ပဒေသာမိုင်းဖြင့် ဆက်လက် တိုက်ခိုက်ခံခဲ့ရ၍ စစ်ကား ၂ စီး ထိခိုက်ပျက်စီးကာ ထိခိုက်သေဆုံးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
တိုက်ခိုက်မှုကို တောကြီးမြွေဟောက်အဖွဲ့နှင့် ဗိုလ်ခေါင်းဖြူ စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။