.
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်နယ်စာရင်းစစ်ချုပ်ရုံး အောက်တိုဘာလ
၂၂ ရက်၊ ညသန်းခေါင်ယံအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အဦနှင့် အသုံးအဆောင်များ
မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
.
.
ပြည်နယ်စာရင်းစစ်ချုပ်ရုံးသည် ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်တွင်
တည်ရှိပြီး ၂ ထပ်အဆောက်အဦဖြစ်ကာ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း
အဆောက်အဦနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။
.
ဟားခါးမြို့တွင် ယခု အောက်တိုဘာလအတွင်း ခရိုင်မီးသတ်ရုံးနှင့် စုပေါင်းရုံးအဆောက်အဦတို့
မီးလောင်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဟားခါးမြို့ရှိ ဌာနဆိုင်ရာအဆောက်အဦ
၆ ခုအထိ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.