မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာအနီး၊ ရေနံချောင်း - ကျောက်ပန်းတောင်းသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၃၇၈/၇)အနီး၌ ယနေ့ အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၆ နာရီခန့်က ယာဉ်တိုက်မှု ဖြစ်ပွားရာ ၇ ဦး သေဆုံး၍ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.ရပ်ထားသည့် ၁၂ ဘီးယာဉ်အား CANTER ယာဉ်က အနောက်မှ ဝင်ရောက်တိုက်မိခြင်း ဖြစ်ပြီး ယာဉ်ပေါ်ပါ ၁၉ ဦး အနက် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၇ ဦး သေဆုံး၍ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံး/ဒဏ်ရာ ရသူများကို ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်းများက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။