တာချီလိတ်မြို့၊ ကျောက်တောင်သုသာန် အနီး၌ နေထိုင်သူ အမျိုးသား တစ်ဦး ယနေ့ အောက်တိုဘာလ ၂၆ ရက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှ အသက် ၃၉ နှစ်အရွယ် ဦးကိုဦး ဆိုသူ ဖြစ်ကာ ပျံကျနေထိုင်သူ ဖြစ်ကာ ၎င်း၏ ရုပ်အလောင်းကို ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းက ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပေးခဲ့သည်ဟု သိရသည်။
.
၎င်း သေဆုံးမှုကို (၉၆)ပါး ရောဂါတို့ဖြင့် သေဆုံးသည်ဟုသာ ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းက ဖော်ပြထားသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်ကလည်း ဝာာချီလိတ်မြို့၊ ဂေါက်ကွင်းလမ်းဘေး၌ ပျံကျနေထိုင်သူ အမည်မသိ အမျိုးသား တစ်ဦး အာဟာရချို့တဲ့၍ အားပြတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။