သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီ၏ စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီ၏ စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် တိုက်ခိုက်



ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တောင်စွန်း စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်ကို KNLA တပ်ရင်း(၁၆)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်၏ တောင်စွန်းစခန်းကုန်းနှင့် BGF နှင့် ပူးပေါင်းထားသည့် စစ်ဆေးရေးဂိတ်တို့ကို အောက်တိုဘာလ ၁၀ ရက်၊ ညပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Federal Wings က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ တိုက်ခိုက်မှူကြောင့် စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာ ရရှိခဲ့‌ကြောင်း သိရသည်။

Journal Download

Photo of three cats