နမ့်စန်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

.

လွိုင်လင်ခရိုင်၊ နမ့်စန်မြို့တွင် ယနေ့ အောက်တိုဘာလ ၇ ရက်၊ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

.


.

နမ့်စန်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ အိမ်ရှင် ဒေါ်ဝါဝါအောင်၏ နေအိမ်တွင် ယနေ့ အောက်တိုဘာလ ၇ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ်အဆောက်အဦတစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အသေးစိတ်ကို မသိရှိရသေးချေ။

.

Journal Download

Photo of three cats