.
ထိုင်းနိုင်ငံ၊ Nong Bua Lamphu ခရိုင်ရှိ မူကြိုကလေးထိန်းကျောင်းတစ်ခုတွင် ယနေ့ အောက်တိုဘာလ ၆ ရက်က
သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးငယ်များ အပါအဝင် စုစုပေါင်း လူ ၃၂ ဦး သေဆုံးခဲ့ကြောင်း
သိရသည်။
.
.
သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ကလေးအချို့နှင့်
ကျောင်းဝင်းအတွင်း ရှိနေသူများကို ဓါးဖြင့် လိုက်လံထိုးကာ ထွက်ပြေးသွားခဲ့ပြီး ၎င်း၏
ဇနီးနှင့် ကလေးကိုပါ ပစ်သတ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
.
ပစ်ခတ်သူသည် ရဲအရာရှိဟောင်း Panya Kamrab ဖြစ်ပြီး
မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်သည့် အတွက် ရဲအဖြစ်မှ
အလုပ်ထုတ်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။
.