လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

.

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာတွင် ယနေ့ အောက်တိုဘာလ ၂၆ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ တပ်၏ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

.

တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ယနေ့ အောက်တိုဘာလ ၂၆ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ၏ (၄၂၂) တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိမှန်ဒဏ်ရာရရှိသူ ၃ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရ အခြေအနေ ရှိကြောင်း သိရသည်။

.

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ပရဟိတလူမှုကယ်ဆယ်ရေးအသင်းမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်များမှ ယင်းကဲ့သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ (၁၀၀၁) တပ်ရင်း ဗဟိုသတင်းနှင့် ပြန်ကြားရေး ဌာနက အသိပေးထားသည်။

.

Journal Download

Photo of three cats