ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ်စစ်ကြောင်းမှ ဒေသခံ ပြည်သူများသည် ယနေ့ အောက်တိုဘာလ ၄ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
သပိတ်စစ်ကြောင်းသည် "Accept NUG and Our Ambassador, Reject Dictator" စာတန်းအား ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
.
အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းအား အင်တာနက် ဖြတ်တောက်ကာ ထိုးစစ်ဆင်၍ ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေသော်လည်း သပိတ်စစ်ကြောင်းသည် ၅၇၂ ရက်မြောက်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်သည်။