မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသည့် ဂျပန်နိုင်ငံသား သတင်းထောက်ကို စစ်​ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသည့် ဂျပန်နိုင်ငံသား သတင်းထောက်ကို စစ်​ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

.

မှတ်တမ်းရုပ်ရှင် ရိုက်ကူးသည့် ဂျပန်နိုင်ငံသား သတင်းထောက် Toru Kubota ကို စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၅ ရက်တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

.


.

Toru Kubota ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့်အတူ စစ်ကောင်စီတပ်က အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

.

ထို့နောက် ဂျပန်နိုင်ငံသား Toru Kubota ကို အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံအကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မများဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ်ပြီး လ၀က ဥပဒေချိုးဖောက်မှုဖြင့် ဆက်လက် အရေးယူထားကြောင်း သိရသည်။ 

.

Journal Download

Photo of three cats