ကော့ကရိတ်မြို့အနီး ကမိုင်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နေရာကို KNLA နှင့် ဒေါနစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၂၁ ရက်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
" ကော့ကရိတ်မြို့အနီး ကမိုင်ကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်နေရာကို KNLA နဲ့ ဒေါနစစ်ကြောင်း ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးချိန်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။" ဟု ဒေါနစစ်ကြောင်းက ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ် အထိုင်ချထားရာ နေရာများကို အောက်တိုဘာလ ၂၁ ရက်ကပင် Lion Battalion Commando ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။