မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် လက်ပံတောင်းတောင်ပင်မသပိတ်မှ ကျောင်းသား၊ ပြည်သူများ ပူးပေါင်းကာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ လူ စည်ကားရာ ဈေးတစ်ခုတွင် ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
“ထကြွတော်လှန် ကျောင်းသားထုအားမာန်”စာတန်းအား ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
.
အာဏာသိမ်း စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၌ ကြည်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာ နှိပ်ကွပ်နေသော်လည်း ပြည်သူများသည် စစ်အာဏာရှင်ကို နေ့စဉ် ချီတက်ဆန္ဒပြနေကြခြင်း ဖြစ်သည်။