.
မော်လမြိုင်မြို့တွင်
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အတွက် လုံခြုံရေးယူပေးခဲ့သည့် ယာဉ်တန်း ရန်ကုန်-မော်လမြိုင်ကားလမ်း၊
ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီး ၉ ဦး ထက်မနည်း သေဆုံးခဲ့
ကြောင်း သိရဿည်။
.
.စစ်ကား၊ ရဲကား ၇ စီးပါ
ယာဉ်တန်းကို အောက်တိုဘာလ ၁၇ ရက်၊ ညပိုင်းက မော်လမြိုင်မှ ရန်ကုန်သို့ပြန်စဉ် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက
၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကား ၇ စီးပါ
ယာဉ်တန်းအနက် စတုတ္ထမြောက်ကားမှ စတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး RPG များ၊ လက်နက် ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့သည့်အတွက်
ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း KNU တပ်မဟာ (၁) မှ
တာဝန်ရှိသူတဦးက ပြောဆိုထားသည်။
.
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့်
စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ ဘီးလင်းမြို့နယ်မှ ဒုရဲမှူးနှင့်
ရဲတပ်သား တစ်ဦး အပါအဝင် ၉ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
စစ်အာဏာသိမ်းခေါင်းဆောင်
မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁၇ ရက်က မော်လမြိုင်နှင့် ဘားအံမြို့ များသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
.