.
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်
အခြေစိုက် ခလရ (၃၂) တပ်ဝင်းအတွင်းသို့ ယနေ့ အောက်တိုဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် နဂါးနီစစ်ကြောင်းနှင့်
ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့်
ခလရ (၃၂) အတွင်းရှိ ဗဟိုကင်း အဆောက်အဦ ပျက်စီးသွားပြီး ထိခိုက်သေဆုံး မှုမျး ရှိခဲ့ကြောင်း
သိရသည်။
.
နဂါးနီစစ်ကြောင်း၊
KNLA တပ်ဖွဲ့ဝင်များနှင့် FEDERAL
WINGS ပူးပေါင်းအဖွဲ့များသည် အောက်တိုဘာလ
၁၆ ရက်၊ နံနက် ၁ နာရီခွဲခန့်က ခလရ (၃၂) တပ်အတွင်းသို့ ဒရုန်းဖြင့် ၈၁ မမ နှင့် ၆၀ မမ
ဗုံးသီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့်
တပ်သား တစ်ဦး ထိခိုက်သေဆုံးကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
.