ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ရာ တစ်ရက်တည်း အိမ်ခြေ ၂၃၀ ကျော် ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ရာ တစ်ရက်တည်း အိမ်ခြေ ၂၃၀ ကျော် ပျက်စီး

.

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်က မီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရက်အတွင်း အိမ်ခြေ ၂၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရေစကြိုမြို့နယ်၊ မြေမလှကျေးရွာမှ အိမ်ခြေ ၅၃ လုံး၊ စိုင်သေရွာမှ အိမ်ခြေ ၄၂ လုံး၊ သံပြာချောင်းရွာမှ အိမ်ခြေ ၇၅ လုံး၊ ခံစပ်တောရွာမှ အိမ်ခြေ ၆၃ လုံး၊ စုစုပေါင်း နေအိမ် ၂၃၃ လုံး မီးလောင် ပျက်စီးခဲ့သည်ဟု သိရသည်။

.

အဆိုပါ ကျေးရွာများကို မီးလာရှို့သည် စစ်ကြောင်းတွင် အင်အား ၈၀ ကျော်ပါဝင်ပြီး ရေစကြိုမြို့နယ် အခြေစိုက် ခလရ (၂၅၆)၊ ခလရ (၂၅၇)နှင့် ခလရ (၂၅၈)တပ်ရင်းများမှ ဖြစ်ကြောင်း သိရသည်။

.

မီးဘေးသင့် ပြည်သူများအား ဝိုင်းဝန်းကူညီပေးကြပါရန် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) က ပြည်သူလူထုများအား မေတ္တာရပ်ခံထားသည်။

.

Journal Download

Photo of three cats