ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် မြို့မရဲစခန်းနှင့် ထီးကလူဒေါကျေးရွာ၌ အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီ ပူးပေါင်းတပ်များက အောက်တိုဘာလ ၂၂ ရက်၊ ညနေပိုင်းတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၅)၊ တပ်ရင်း(၄)၊ ကရင်နီတပ်မတော်(KA) နှင့် ဝံပုလွေပျောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း၍ စစ်ကောင်စီတပ်များကို တစ်နာရီကြာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူ များပြားခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဘက်မှ ဝံပုလွေပျောက်ကျား ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရသည်ဟု သိရသည်။
.
ထို့အတူ ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီတပ်များသည် လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။