ဖားကန့် အနန့်ပါ ကျဆုံးပြည်သူများအတွက် မုံရွာမြို့ပေါ်တွင် ချီတက်ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖားကန့် အနန့်ပါ ကျဆုံးပြည်သူများအတွက် မုံရွာမြို့ပေါ်တွင် ချီတက်ဆန္ဒပြ



ဖားကန့်မြို့နယ်၊ အနန့်ပါဒေသမှ ကျဆုံးပြည်သူများအတွက် ဝမ်းနည်းမှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့် ကြရန် ကြွေးကြော်သံဖြင့် မုံရွာမြို့ပေါ်တွင် ယနေ့ အောက်တိုဘာလ ၂၈ ရက်၊ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ချင်ရေး ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

.

ဖားကန့်ဖြစ်စဉ်တွင် ကျဆုံးခဲ့ရသော ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ကချင်အလံ ကိုင်ဆောင်ကာ သပိတ်ထွက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဆန္ဒပြချီတက်မှုကို ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ၊ မုံရွာတော်လှန်လူငယ်များကွန်ရက်၊ မုံရွာလူငယ်အစည်းအရုံး၊ မုံရွာအခြေစိုက် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats