ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းရဲစခန်း တိုက်ခိုက်ခံရ

.

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းရဲစခန်း ယနေ့ အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

.


.

ကင်မွန်းချောင်းရဲစခန်းကို ယနေ့ အောက်တိုဘာလ ၉ ရက်၊ နံနက် ၉ နာရီခန့်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဒရုန်းဖြင့် ပစ်ချသည့်ဗုံးမှာ ရဲစခန်းအတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရပြီး အဝေးမှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲသံများကြောင့် ဈေးဆိုင်များ ပိတ်သိမ်းသွားကြကြောင်း ဒေသခံများထံက သိရသည်။

.

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဘက် ပစ်ခတ်မှု နာရီဝက်ကျော် ကြာမြင့် ခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးသလို နှစ်ဘက် ထိခိုက်မှုအခြေအနေကိုလည်း မသိရှိရသေးချေ။

.

Journal Download

Photo of three cats