ရုရှားတွင် တိုက်လေယာဉ်တစ်စီး လူနေအိမ်ပေါ် ထပ်မံပျက်ကျ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရုရှားတွင် တိုက်လေယာဉ်တစ်စီး လူနေအိမ်ပေါ် ထပ်မံပျက်ကျ

.

ရုရှားနိုင်ငံ၊ ဆိုင်ဘေးရီးယားတောင်ပိုင်းတွင် အောက်တိုဘာလ ၂၃ ရက်က စစ်တပ်တိုက်လေယာဉ်တစ်စီး လူနေအိမ်ပေါ်သို့ ထပ်မံပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ရုရှားစစ်တပ်၏ Shkhoi Su-30 အမျိုးအစား တိုက်လေယာဉ်တစ်စီး Irkutsk မြို့ရှိ ၂ ထပ် နေအိမ်တစ်လုံးပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူး Igor Kobzev က Telegram တွင် ရေးသားထားသည်။

.

အဆိုပါ တိုက်လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပြီး မြေပြင်ရှိ အခြားလူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

.

တိုက်လေယာဉ် ပျက်ကျမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးခဲ့ပြီး နေအိမ် ၁၅၀ ခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်ကလည်း ရုရှားတောင်ပိုင်း Yeysk မြို့တွင် လူနေတိုက်ခန်းအဆောက်အအုံပေါ်သို့ Su-34 တိုက်လေယာဥ်တစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လေယာဉ်မှူး ၃ ဦး ဘေးကင်းခဲ့သော်လည်း လူနေတိုက်ခန်းရှိ လူ ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats