မကွေးတွင် ယာဉ်ထိန်းရဲမှူး သေနတ်ဖြင့် ပစ်သတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မကွေးတွင် ယာဉ်ထိန်းရဲမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

.

မကွေးမြို့၊ ကားကြီးကွင်းအနောက်ဘက်၊ ပြည်သာယာလမ်းရှိ ယာဉ်ထိန်းရဲမှူးရုံးမှ ရဲမှူး ယမန်နေ့ အောက်တိုဘာ လ ၁၄ ရက်၊ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

ပစ်ခတ်ခံရသူမှာ ယာဉ်ထိန်းရဲမှူး စိန်ဝင်းထွန်း ဖြစ်ပြီး ယမန်နေ့ ည ၈ နာရီခန့်က ယာဉ်ထိန်းရုံးအနီးရှိ ကွမ်းယာဆိုင် တွင် ကွမ်းယာဝယ်ရန် ထွက်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲမှူး စိန်ဝင်းထွန်းတွင် နဖူး ကျည်ထိမှန်ဒဏ်ရာ ရရှိပြီး နေရာတွင် သေဆုံးခဲ့ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရှိရသေးချေ။

.

Journal Download

Photo of three cats