လားရှိုးတွင် ကားနှင့် ဆိုင်ကယ် တိုက်မိ၍ ၂ ဦး ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် ကားနှင့် ဆိုင်ကယ် တိုက်မိ၍ ၂ ဦး ဒဏ်ရာ ရ

လားရှိုးမြို့၊ ဘူတာလမ်းမကြီး၊ မြဝတီလမ်းထိပ်၌ ကုန်များ တင်ဆောင်လာသည့် ကား နှင့် ဆိုင်ကယ် တို့ ယနေ့ အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် တိုက်မိပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း  သိရသည်။
.
ထို့အတူ ယာဉ်များလည်း ပျက်စီးမှု ရှိခဲ့ပြီး ဒဏ်ရာရ လူနာ ၂ ဦးကို တာဝန်သိ သုံးဘီးယာဉ်မောင်း တစ်ဦးက လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်၊ ညနေပိုင်းကလည်း တာလမ်းမကြီး၊ ဗျူဟာလမ်းထိပ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats