ကျောက်ကြီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာတံတားကို စစ်တပ် မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်ကြီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာတံတားကို စစ်တပ် မီးရှို့ဖျက်ဆီး

.

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အောက်တိုဘာလ ၁၈ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ပြီးနောက် အများပြည်သူသုံး ကျေးရွာတံတား တစ်စင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.

.

ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၈ ရက်က ညောင်ပင်သာ ကျေးရွာ၊ ဒိုက်ပုံကွင်းအတွင်းသို့ ဝင်ရောက်လာစဉ် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင် (၃၅၀၂) က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီဂ ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

.

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဒိုက်ပုံချောင်းတံတားကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats