.
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊
ပရိမ္မကျေးရွာကို ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်
ပ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ရာ ပြည်သူအများအပြား ပိတ်မိနေကြောင်း သိရသည်။
.
ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်များက
ယနေ့ အောက်တိုဘာလ ၂၈ ရက်၊ နံနက် ၆ နာရီခန့်တွင် ပရိမ္မကျေးရွာကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့်
ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် နံနက် ၈
နာရီခန့်တွင် MI 35 ရဟတ်ယာဉ်တစ်စီး
ပရိမ္မကျေးရွာပေါ် ဝဲနေပြီး MI 35 တစ်စီးနှင့် Mi 17 ရဟတ်ယာဉ်များပေါ်မှ စစ်ကောင်စီတပ်များအား မြေပြင်သို့ ချပေးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည်
မြောင်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့်
ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
.