ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ယမန်နေ့ အောက်တိုဘာလ ၉ ရက် (သီတင်းကျွတ်လပြည့်နေ့)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အင်းလေးကန်ရှိ တစ်နေရာတွင် " အာဏာရူး မိုးလေကင်းမှအင်းသူတွေ သီတင်းကျွတ်မယ်" စာတန်းအား ကပ်ခြင်း၊ ညောင်ရွှေမြို့ပေါ် ရပ်ကွက်များအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး စတစ်ကာများ ဖြန့်ဝေခြင်းနှင့် အင်းလေးအမျိုးသမီးသမဂ္ဂ ခမောက်ဆောင်း၍ သရုပ်ပြခြင်းများဖြင့် တော်လှန်သီတင်းကျွတ်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အင်းလေးဒေသအမျိုးသမီးသမဂ္ဂ (IWU) မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။