ပေါင်း အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး လာစစ်သည့် စစ်ကောင်စီတပ်သားများ ထပ်မံ ဗုံးခွဲ တိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပေါင်း အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး လာစစ်သည့် စစ်ကောင်စီတပ်သားများ ထပ်မံ ဗုံးခွဲ တိုက်ခိုက်ခံရ

.

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်၊ ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်သားများ ထပ်မံဗုံးခွဲတိုက်ခိုက်ခံခဲ့ရ ကြောင်း သိရသည်။

.

.

အဆိုပါ တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၅) နွေဦး အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အုပ်ချုပ်ရေးမှူးရုံး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရန်လာရောက်သည့် ရဲနှင့် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၄ စီးနှင့် ကားတစ်စီးကို  တာပွန်လမ်း (၃၄) လမ်းထိပ်အနီးတွင် ဒုတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကားနှင့် စစ်ကောင်စီတပ်သားများ၊ ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ပြီး ပေါင်းတည် PDF ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

.

[ Photo | PPDF ]

.

Journal Download

Photo of three cats