ကျောက်တော်တွင် မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းနှင့် လူနေအိမ် ၁၀ ခန်းကျော် ဆုံးရှုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်တော်တွင် မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းနှင့် လူနေအိမ် ၁၀ ခန်းကျော် ဆုံးရှုံး

.

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်၊ နံနက်အရုဏ်တက် ၁ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းနှင့် လူနေအိမ် ၁၀ ခန်းကျော် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သိရသည်။

.

.

ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ မြို့ပတ်လမ်းပေါ်ရှိ တိုးချဲ့တည်ဆောက်ထားသည့် ဈေးဆိုင်ခန်းတစ်ခုတွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် စားသောက်ဆိုင်၊ မုန့်တီဆိုင်၊ လက်ဘက်ရည်ဆိုင်၊ အပ်ချုပ်ဆိုင် ၂ ဆိင် အပါအဝင် လူနေအိမ် ၁၀ အိမ်ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

.

Journal Download

Photo of three cats