နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထောင် ၃ နှစ် ထပ်မံ ချမှတ်ခံရ၊ စုစုပေါင်း ၂၆ နှစ်အထိ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထောင် ၃ နှစ် ထပ်မံ ချမှတ်ခံရ၊ စုစုပေါင်း ၂၆ နှစ်အထိ ရှိလာ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၁၂ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စွပ်စွဲထားတဲ့ အမှုနှစ်ခုအတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခဲ့ကြောင်း သိရသည်။

.

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာများ လက်ခံရယူခဲ့သည်ဟု စွပ်စွဲကာ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးက အဂတိမှု နှစ်မှုအတွက် တစ်မှုလျှင် ၃ နှစ်စီ ချမှတ်၍ တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချခဲ့ခြင်းကြောင့် ထောင်ဒဏ် ၃ နှစ် ကျခံရမည် ဖြစ်သည်။

.

ဒေါ်အောင်ဆန်းစုကြည် သည် ယခင်ကလည်း အမှုပေါင်း ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရခြင်းကြောင့် လက်ရှိတွင် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

.

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်နေသည်ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချနေကြပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်တွင် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ခံထားရသူများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။

Journal Download

Photo of three cats