မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး တဲ ၂ လုံးကို မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး တဲ ၂ လုံးကို မီးရှို့ဖျက်ဆီး

.

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် အောက်တိုဘာ လ ၂၂ ရက်က စစ်ကောင်စီတပ်မှ ဒေသခံပြည်သူများ နေထိုင်သည့် တဲ ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

.

 

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၈ နာရီခန့်က မုန်းမြို့နယ်၊ အောင်းလောင်းစိန်ကျေးရွာနေ စောနော်ကော်ဝါးနှင့် စောဆာပြီး တို့၏ နေအိမ်တဲ့များနှင့် ကြံစိုက်ခင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ယနေ့ အောက်တိုဘာလ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

.

ထို့အပြင် စစ်ကောင်စီ၏ ခမရ (၅၉၉) တပ်သည် မုန်းမြို့နယ်၊ တခေါ့ပွာကျေးရွာနေ အသက် ၄၅ နှစ်အရွယ် နော်ဒေညား ဆိုသူကိုလည်း အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လျက်ရှိပြီး ဒေသခံပြည်သူများနှင့် ပြည်သူတို့၏ ပိုင်ဆိုင်မှုများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်လျက်ရှိကြောင်း KNU ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats